Wednesday, May 5, 2010

“မြတ်နိုးခွင့်”

လူတကာထက်
ဘာမှတော့ပိုမထူးဆန်းခဲ့ပါဘူး
အဖြူထည် မြတ်နိုးနေရုံသက်သက်နဲ့ 
တစ်ဘဝလုံးရင်းပြီးချစ်ခွင့်ရရုံလေး။။

ရှင်သန်ခဲ့ တဲ့ ငါ့ဘဝတလျှောက်
နင့်ဆီက တကယ့်ကိုဘာမှမမျှော်လင့်ခဲ့တာပါ
တကယ်လို့ များ
အဆုံးသတ်ခက်ခက်ဇာတ်သိမ်းအတွက်
နာကျင်ရမယ်ဆိုရင်လဲ
အဲ့ ဒီနာကျင်ရမဲ့ သူ
ငါပဲဖြစ်လိုက်ချင်ပါတယ်။။


ဒီဘဝကြီးထဲ ငါဟာနင့်အတွက်
ပေးဆပ်ဖို့ သက်သက်
မွေးဖွားလာတဲ့ ကောင်ပါ
နင်စေလိုရာစေဖို့ 
လိုအပ်ရင်
င့ါဘဝကိုတောင်ခင်းပေးထားခဲ့ မယ်
ဒါပေမယ့်
နောက်ဆုံးထွက်သက်ထိမြတ်နိုးခွင့်လေးတော့
ငါ့ကိုပေးပါ။။

နင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုအချစ်နဲ့ စပြီး
အချစ်နဲ့ပဲ အဆုံးသက်ချင်တယ်
လူ တကာကဩချရလောက်အောင်
မတောက်ပလည်း နင့်အတွက်ဆို
ငါကထာဝရထွန်းလင်းချင်တဲ့ 
ပိုးစုန်းကြူးတစ်ကောင်ပါ။။


ကြွေဆင်းခွင့်ရလို့ ကမ္ဘာမြေကို
သက်ဆင်းကြတာချင်းအတူတူ
ငါ့မိုးစက်လေးကနင့်အတွက်
ပိုအေးချမ်းချင်တယ်
နင့်အတွက်ဆိုရင်
ငါကအဲ့ လိုအတ္တနဲ့ ကောင်ပါ။။

ကမ္ဘာမြေနဲ့ မိုင်ပေါင်းမက
လရောင်အလင်းနှစ်တွေထဲ
ဒီတစ်ညတော့ငါ့ နတ်သမီးလေးဖတ်ဖို့ 
လှလှပပကဗျာတပုဒ်
နှလုံးသားနဲ့ ထုဆစ်ရဦးမယ်။။

အိုဘယ်...ငါ့အိမ်မက်နတ်သမီးလေးရယ်
နှလုံးသားနဲ့ ထုဆစ်ထားတဲ့ ငါ့ကဗျာကို
နင်နားလည်ခံစားနိုင်ပါစေသားကွယ်...။။

0 comments:

Post a Comment