Saturday, May 1, 2010

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်



ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။


ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။ အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။


ဒီလမ်းကြောင်းလေးကနေသွားကြရမှာနော်... ။


သင့်ရှေ့တည့်တည့်ကလူကိုပဲ တစိုက်မတ်မတ်ကြည့်ပါ ။ ဘေးဖက်ကိုယောင်လို့တောင်မကြည့်မိစေနဲ့ ။ မူးဝေပြီး ပြုတ်ကျသွားနိုင်ပါတယ် ။ စွန့်စားလိုသူတို့ အကြိုက်ပေါ့နော် ။

အကယ်၍ သင့်အရှေ့ကလူက ကိုယ့်ဆီကိုပြောင်းပြန်ပြန်လာနေရင် သတိထားပါ ။လမ်းကကျဉ်းလွန်းတဲ့အတွက် အခက်အခဲတွေ့နိုင်ပါတယ် ။


ဆက်ပြီးကြိုးစားထားကြ သူငယ်ချင်းတို့ နောက် အဆင့်အနည်းငယ်ဆို စားသောက်ဆိုင်ကို ရောက်ပါတော့မယ် ။


ဒီနေရာကတော့ အသဲငယ်သူတို့ လှည့်ပြန်ရမယ့်နေရာပါပဲ ။ အပေါက်လေးတွေထဲကို ခြေချောင်း တွေထည့်ပြီးသွားရမှာ ဖြစ်ပါတယ် ။ အောက်ဖက် ကကျောက်ကမ်းပါးကတော့ အလွန်ကို နက်ရှိုင်းပါတယ် ။


ကဲ...အပေါ်ကိုရောက်တော့မယ်ဟေ့ ကြိုးစားထား...!!!!!


နောက်ဆုံးမှာတော့ တွေ့ရတဲ့မြင်ကွင်းအတိုင်းပါပဲ ။ ထိတ်လန့်တုန်လှုပ်ဖွယ် လမ်းကိုဖြတ်သန်းပြီးမှ ဒီစား သောက်ဆိုင်လေးကိုရောက်မှာ ဖြစ်ပါတယ် ။ အကယ်၍သင်ရောက်အောင်သွား နိုင်ခဲ့လျှင် အစားအ သောက် အား လုံးက Free (ဖရီး) ဖြစ်ပါတယ် ။

ကဲသူငယ်ချင်းတို့ ဘယ်သူတွေလိုက်ကြမလဲ ဒီကအစားအသောက်တွေဘယ်လိုအရသာရှိလည်းဆိုတာ သွားပြီး မြည်းကြည့်ရအောင် ...သွားကြမယ်ဟေ့ !!!!!

0 comments:

Post a Comment