Saturday, May 1, 2010

ကဗျည်းတင်မယ့် အချစ်

အကြည့်လေးတစ်ချက် ဆိုပေမယ့်
အဲဒီအကြည့်ကိုမှ “ပျို” စွဲမက်

နှလုံးသားတံခါးကို ဖောက်ထွက

သူ့အချစ်အာရုံမှာ ရစ်မူးခဲ့ရတယ်...။

အပြုံးလေးတစ်ချက် ဆိုပေမယ့်

အဲဒီ အပြုံးကိုမှ “ပျို” စွဲမက်

ရင်ခုန်သံ နံရံကို ဖောက်ထွက်
သူ့ရင်ခွင် စည်းချက်မှာ ထပ်တူကြခဲ့တယ်...။


ဒီလိုနဲ့ ...
အတိတ်က အရိပ်တွေကို ခဝါချ

ဘဝဇာတ်ခုံ ကန့်လန့်ကာအလှစ်

ပိတ်ကားအဖွင့်မှာ

ချစ်သူ့တေးအာရုံနဲ့ အစပျိုး

နေညိုချိန် မယ်လိုဒီတေးတစ်ပုဒ်ကို

တစ်ခန်းရပ်ပြဇာတ်အဖြစ်

သူ့အနမ်းတေးသွားနဲ့မိုးစုန်းစုန်းချုပ်စေခဲ့တယ်..။


ချစ်ခြင်းရယ်ပြိုင်
ကမ္ဘာတိုင်မယ့် နှလုံးသား
ကြေကွဲမျက်ရည်တွေကြားမှာ

တစ်ဦးကိုတစ်ဦး ဖေးကူ ထူမရင်း

ရင်ခုန်သံကဗျာကို သံစဉ်ညှိကာ

“အချစ်ညရင်ခုန်သံ” အဖြစ် ပြောင်းလဲခဲ့ကြတယ်..။

ဒီလိုနဲ့ပဲ ချစ်လာလိုက်ကြတာ

ကမ္ဘာဦးအစက

အချစ်ရာဇဝင်တွေကိုချန်ရစ်

ခေတ်သစ် အချစ်ရာဇဝင်မှာ

“တို့”ရဲ့အမည်နာမတွေ

သမိုင်းတွင် ကျန်ရစ်
ကဗျည်း စာမျက်နှာသစ်ဖြစ်စေဖို့

တို့ရဲ့အချစ်တွေ Brand-new အဖြစ်နဲ့

၂၁ရာစုက နောင်လာနောင်သားတွေအတွက်

ကျောက်ထပ်အက္ခရာ တင်ခဲ့မယ်...။

0 comments:

Post a Comment