Tuesday, May 11, 2010

အစားထိုးမရတဲ့ အချစ်

ဘာတွေလိုအပ်နေအုံးမှာလဲ
ငါ့ဘေးမှာနင်ရှိနေမယ်ဆိုရင်ပေါ့
အချစ်ဆိုတာကို
သိလိုက်တဲ့ အချိန်မှာတော့
နင်ဟာ ငါနဲ့
အဝေးဆုံးတနေရာမှာရှိနေပြီလေ.....

မလျှော့သေးပါဘူး
ရှိနေတဲ့အချစ်တွေရယ်
ဖြစ်ခဲ့တဲ့သံယောဇဉ်တွေ
လွမ်းနေတဲ့ အလွမ်းတွေက
ဘယ်လောက်ဝေးနေရပါစေ
လျှော့မသွားပါဘူး.......

မရပါဘူး
ဘယ်လိုမှမရခဲ့တာ
အခြားတယောက်ကို
အစားထိုးဖို့ဆိုတာမဖြစ်နိင်သလို
အစွဲအလန်းကြီးခဲ့တဲ့စိတ်က
ငါ့အချစ်တွေကိုအစားထိုးမရအောင်
ဖြစ်စေခဲ့တယ်.....

မင်းမှမင်းဘဲချစ်နေတဲ့စိတ်က
ငါ့အတွေးတွေကို ပိုင်စိုးထားတယ်
အခုချိန်ထိ
လွမ်းနေတဲ့ အလွမ်းတွေနဲ့
ချစ်နေတဲ့ အချစ်တွေအတွက်
အစားထိုးလို့မရအောင်
ငါဟာတယောက်ထဲရူးရင်
အဝေးကိုထွက်သွားတဲ့
မင်းကိုငေးရင်း
တစတစပဲ့ကြွေခဲ့ပြီလေ...........။

0 comments:

Post a Comment