Thursday, May 6, 2010

အချစ်ဦးသို့

မချစ်ဖူးလို. ရစ်မူးတာမဟုတ်
အဖြစ်ထူးလို့ အချစ်ဦးလို့
ကင်ပွန်းတပ်လိုက်မယ်
တွေ့စက မေ့မရအောင်
ပြုံးအလှတွေ သုံးပြလိုက်တော့
ရုန်းရခက်သွားတာပေါ့
ချစ်တာကို သစ္စာဆိုခိုင်းရင်ခိုင်း
အပြစ်ရှာကာ မပစ်ခွာသွားပါနဲ့
အချစ်ဦး ရာ
ချစ်သူဖြစ်လျှက် နှုတ်မဆက်ပဲ
ရင်ထဲကစိတ် ဆို့ပိတ်နှောင်တည်း
အဖြစ်သည်းစွာ ဝေဒနာနှင့်
ပြန်လာမည်လား ခွဲသွားထာဝရ
ဘာမျှမသိ သို့ဖြစ်၏ဟု
နှမိနှမြော သောကဇောသည်
သဘောလောင်မြိုက် လေနှယ်တိုက်သည်
ထိခိုက်ဆွတ်ကြင် လွမ်းမောလျှက်.................။

0 comments:

Post a Comment