Thursday, May 6, 2010

“ ခင် “ဟူသော မိန်းကလေးဆီသို့

မင်းပြောသမျှ
အလှလို့ထင်
မင်းပြောသမျှ
ယုံစားမိခင်....
အပြစ်တစ်ချက်
မြူတစ်ချက်မျှ
မထင်မိချေ
ချစ်ခဲ့ရသူမို့ပါခင်........။
ချစ်မိသမျှ
ရင်ဖွင့်ချရေး
ကလေးအတွေးကို
မင်းလေးမကြိုက်
( feel ) မလိုက်တော့
လှောင်ချင်လှောင်
ပြောင်ချင်ပြောင်
မုန်းချင်မုန်း
ပြုံးချင်ပြုံးပါ
ကြည်ဖြူလက်ခံ
ဆန္ဒမှန်ဖြင့်
အသည်းကွဲခံမယ့်
“ လွမ်းရဲသူမို့ပါ.........ခင်..။
မင်းရဲ့အကြောင်း
တွေးတောမိတိုင်းလေ
သတိရတိုင်း
ကို.........
မျက်ရည်ဝိုင်းတယ်
လွမ်းဆွေးဒုက္ခ
ကြွေနွမ်းမျက်ရည်
ရေအလျှင်နဲ့
ချောင်းဖြစ်တော့မယ်......ခင်....။
မရှောင်နိုင်တသ်ကွေ့
မင်းနဲ့.တွေ့ရင်
မင်းနဲ့တွေ့ရင်
ပြုံးကြည့်မိလို့
ခံစားနတ္ထိ
မရှိပြီဟု
မထင်မိနဲ့
မချိပြုံးနဲ့
ကိုယ့်နှလုံးထဲမှာ
ခံစားစူးရှ
ရင်နင့်စွာဖြင့်
ငိုနေမိတယ်ခင်......။
မှတ်ချက်။ ကိုယ်တိုင်ရေးကဗျာ

0 comments:

Post a Comment