Sunday, May 16, 2010

" မယ်လိုဒီ "

မယ်လိုဒီတဲ့...
ရင်ထဲက စူးရှရှသံစဉ်တွေ
နှောင်ထုံးမဲ့တေးသွားတစ်ပုဒ်နဲ့
ငါ့ဘ၀ကို အပြီးတုပ်နှောင်သွားခဲ့တယ်....

မယ်လိုဒီ...
ငါ့ရဲ့လမင်း.....
တိမ်တွေကင်းစင်နေလိုက်တာ
ဝင်းဝင်းပပ...လှလို့..

မယ်လိုဒီ...
ဤနာမည်သုံးလုံးနဲ့တင်....
ငါသည်အကြိမ်ကြိမ်သေ၏ .....

ယစ်မူးစေတဲ့နတ်သမီး....
ခါးသက်သက်အကြည့်ရိုင်းတွေ....
မင်း...ခြေလှမ်းတိုင်း....
ကမ္ဘာမြေပေါ်က...တေးသွားတွေ လှနေမှာပါ..

မယ်လိုဒီရယ်...
ရင်ခွင်တစ်စုံကို
ကြိုးညှိတပ်ဆင်တီးခတ်ပါ
ထွက်ကျလာမယ့်
ချစ်ခြင်းရဲ့အလင်္ကာတွေ...
မင်းနားဆင်နိုင်မှာပါ ....

မယ်လိုဒီ...
ငါ့ရင်ခွင်ကြားက
ပျိုးပျက်လက်ခဲ့တဲ့ အိပ်မက်ညတွေ....
အသင်္ချေ...အသင်္ချေ.....အသင်္ချေ....

ယိမ်းတိုက်နေတဲ့ရေခဲမြစ်တွေ
ကော်ဖီခါးခါးနဲ့..
ဒီမြို့ပြညတွေမှာ
ငါ့ရင်တွေတလှပ်လှပ်
တရှိုက်ရှိုက်မက်ခဲ့တဲ့ ကဗျာ...

အို...မယ်လိုဒီ
အ၀ါရောင်ဗီးနပ်..
ရင်ခွင်မှာလည်း မှိုင်းညှို့လို့...
တောင်တန်းတွေလည်းပြိုကျကုန်တယ်...

မယ်...
လို....
ဒီ....
တိုးတိတ်စွာခေါ်နေဆဲ...
ကကြိုးကကွက်စုံလင်စွာနဲ့....
ငါ့နှလုံးသားရဲတိုက်ကို
အပိုင်သိမ်းသွားသူ.....

သက်တန့်ချို
10 May 2010

Tuesday, May 11, 2010

မမေ.တက်ရင်

မတွေ.တသက် ဝေးအောင်မေ.

တနေ.တစ်ရက် ကလေးတောင်

မေ.မရသူက ကိုပါ

အကြင်နာတွေ ထာဝရထားခဲ.ပြီး

အစဉ်ထာဝရ ချစ်ရသူမို.

အချစ်ရယ်

မမေ.တက်ရင် မှတ်မိရင်ပေါ.

လမ်းမှာတွေ.ရင်ခေါ်ပါ

ပြောပါ နှုတ်ဆက်ပါ

ပြန်မရနိင်တဲ့ အစားထိုးမူ့

ဘယ်မှာလဲ မင်းရှိနေတာ
ဘယ်ကိုလဲ မင်းထွက်သွားခဲ့တာ
ကျန်ခဲ့သူရဲ့ရင်ခွင်မှာ
လစ်ဟာနေတာ အစားထိုးဖို့
လွယ်လိမ့်မယ်လို့ မင်းထင်လား.........

ငါ့စိတ်ကူးတွေ
ငါ့အတွေးတွေ မင်းအပိုင်ယူပြီး
လွတ်လပ်စွာထွက်သွားလိုက်ပါ
ချန်ထားရစ်ခဲ့တဲ့အပြုံးတပွင့်က
လွမ်းနေဖို့အတွက် လုံလောက်ပါတယ်......

မင်းထားခဲ့လိုက်ပါ
ငြိုငြင်မှု့မရှိခဲ့ပါဘူး
ငါ့ရင်တခုလုံးကွဲကြေနေပါစေ
မငြိုငြင်ပါဘူး
မချစ်လို့မဟုတ်ပါဘူး
ချစ်လွန်းလို့ ဖြစ်ခဲ့တဲ့
အလွမ်းတွေကတော့
သေလောက်အောင်နာကျင်လွန်းလှပါတယ်

ဘယ်လိုမှအပြစ်မမြင်ပါဘူး
တစ်ဘ၀လုံးအတွက်ချစ်သူပါ
ဘ၀မှာ တခါဘဲ ချစ်ချင်ခဲ့တာပါ
တယောက်ထဲကိုဘဲချစ်ခဲ့ပါတယ်
အစားထိုးဖို့ မဖြစ်နိင်သလို
ရှိနေတဲ့ အချစ်တွေက
မင်းတယောက်ထဲအတွက်
ဖြစ်တည်နေတာ
အဝေးကမင်း ကြားသိနိင်ပါ့မလာဘဲ..........ချစ်သူရယ်.......

ပြန်လာခဲ့ပေးပါ

...............အစပြုခြင်းတစ်ခုမှာ
အဆုံးသတ်ဆိုတာရှိမြဲပဲဆိုရင်
ပြီးဆုံးသွားခဲ့တဲ့...ငါတို့နှစ်ယောက်ဇာတ်လမ်းအတွက်
ရှိတောင့်ရှိခဲ ပြန်လည်စတင်ခြင်းဆိုတာကို
ငါမျှော်လင့်နေချင်နေစဲပါ............။

..............အသစ်ကိုထားခဲ့ပြီး
အဟောင်းဆီပြန်ခဲ့ဖို့ခက်မယ်ဆိုရင်
မဟောင်းနိုင်တဲ့ငါ့အချစ်တွေ
နင့်အတွက်အသစ်ဖြစ်နေစဲဆိုတာ
နင်သိနိုင်ဖို့ ခက်ခဲလွန်းနေသလား..................။

..............ပြန်တွေ့ချိန်ခဏမှာ
နင့်အပြုံးတွေရိုးသားလွန်းပါတယ်
နင်သာငါ့ဘက်နည်းနည်းငဲ့ကြည့်တတ်ခဲ့မယ်ဆိုရင်
ငါ့ဘ၀ တစ်ခုလုံး အသက်မဲ့နေခဲ့တာ
နင်စာနာနိုင်မှာပါ.....................။

နင်သာပြန်လာနိုင်မယ်ဆိုရင်...
ငါ့ရင်ဘတ်ထဲက အသည်းတစ်နေရာမှာ
နင့်အတွက်.......
အမြဲသစ်လွင်တောက်ပနေရပါ့စေမယ်..............ချစ်သူရယ်.................

အစားထိုးမရတဲ့ အချစ်

ဘာတွေလိုအပ်နေအုံးမှာလဲ
ငါ့ဘေးမှာနင်ရှိနေမယ်ဆိုရင်ပေါ့
အချစ်ဆိုတာကို
သိလိုက်တဲ့ အချိန်မှာတော့
နင်ဟာ ငါနဲ့

မလျှော့သေးပါဘူး
ရှိနေတဲ့အချစ်တွေရယ်
ဖြစ်ခဲ့တဲ့သံယောဇဉ်တွေ
လွမ်းနေတဲ့ အလွမ်းတွေက
ဘယ်လောက်ဝေးနေရပါစေ
လျှော့မသွားပါဘူး.......

မရပါဘူး
ဘယ်လိုမှမရခဲ့တာ
အခြားတယောက်ကို
အစားထိုးဖို့ဆိုတာမဖြစ်နိင်သလို
အစွဲအလန်းကြီးခဲ့တဲ့စိတ်က
ငါ့အချစ်တွေကိုအစားထိုးမရအောင်
ဖြစ်စေခဲ့တယ်.....

မင်းမှမင်းဘဲချစ်နေတဲ့စိတ်က
ငါ့အတွေးတွေကို ပိုင်စိုးထားတယ်
အခုချိန်ထိ
လွမ်းနေတဲ့ အလွမ်းတွေနဲ့
ချစ်နေတဲ့ အချစ်တွေအတွက်
အစားထိုးလို့မရအောင်
ငါဟာတယောက်ထဲရူးရင်
အဝေးကိုထွက်သွားတဲ့
မင်းကိုငေးရင်း
တစတစပဲ့ကြွေခဲ့ပြီလေ...........။

ငါ မမုန်းဘူး ဒါပေမဲ့ ငါမုန်းတယ်

ပြော...ဆိုလို့သာပြောရတယ်
ငါမုန်းလို့ကိုမရသေးဘူး
ငါ့ထက်နင်ပုံပြောကောင်းခဲ့တယ်
နင့်ပုံပြင်လေးအဆုံးသတ်မခင်မှာ
ငါပျော်ဝင်နေလိုက်တာ
ငါနိုးထပါဦးမလားလို့.......
မယုံနိုင်စရာဖြစ်ရအောင်
နင့်လက်သုံးစကားလုံးတွေကပီပြင်လွန်းတယ်
နက်ရှိုင်းလွန်တယ် ......
ငါ့ရင်ခုန်သံတစ်ချက်တစ်ချက်ကိုတောင်မကြားမိဘူးဟာ
အများကြီးပဲအမှတ်တရဆိုတာတွေက

အတိပ်ပန်းချီကားကိုလက်တန်းရေဆွဲနေမိတယ်
အိမ်မက်တွေတောင်ညရက်ဆက်လို့
နောက်ဆုံးမိုးလင်းမှာကိုတောင်ငါကြောက်နေခဲ့မိပြန်တယ်

ငါမှားယွင်းခဲ့သလား
ရက်စက်တယ်ဆိုတဲ့စကားလုံးငါမသုံးပါရစေနဲ့
ငါတို့ရင်ခုန်ရုံလောက်နဲ့ချစ်ခဲ့ကြတာမှမဟုတ်တာပဲလေ
ယုံကြည်ချက်တွေဒီထက်နက်ရှိုင်းခဲ့ကြတာမင်းအသိပဲလေ
မဖြစ်နိုင်တော့ပါဘူးဆိုတဲ့စကားတစ်ခွန်းတည်းနဲ့
ငါ့နှလုံးသားကိုနင်ရပ်ဆဲခဲ့တာလား
ရိုးသားတဲ့ဟန်ဆောင်မှုတွေပဲလား
နင့်အချစ်ကိုယုံစားခဲ့သူဆိုတော့လဲ
ငါပြောရမှာပေါ့လေ.....
"နင့်ကို ငါ ... မုန်းတယ်"
ဒီစကားလုံးနဲ့တင် ငါ့အချစ်တည်မြဲခဲ့ပါပြီ
နာကျင်မှုမရှိပဲ နင့်ကိုငါမုန်းလိုက်ပါပြီ

ကြေကွဲမျက်ရည်

ချစ်ခင်ကြတဲ့အဖြစ်မေ့ ပြစ်ရခက်ခဲ
မျက်ရည်ဝဲမှိ ရင်ထဲအသိကလွမ်းရပါပဲလေ
ပြန်ဆုံရန်အတွေး..ငါအရေးခက်
ဆွတ်ကျင်ဆူးရှက် မွမွအက်ကြွေ
ပဲ့ ကြွေအသည်း တစ်ယောက်ထဲလည်း
နေတတ်ခဲ့ပြီ …အသည်းစိမ်းနဲ့ချန်ရက်သူကို
အပြစ်မယူ ချစ်ကြည် ဖြူမြဲ တမ်းတဆဲပါ
ရင်ထဲက ဒီအဖြစ်တွေ နင်သိအောင်မဖော်ပြတတ်ခဲ့ 
ကွဲအက်ခဲ့ ငါနှလုံးသားတွေကိုစာနာရင်း..လွမ်းလျတဲ့မျက်ဝန်းတစ်စုံက
ရိုဖိတ်လာတဲ့ အချစ်သံဇင်တွေကို
ငါကျေကျေနပ်နပ်ကြီး..လက်ခံမယ်
လှည့်မကြည့် ချင်လည်းနေ
ကျိုးကျန်ခဲ့ရင်ဆုံနဲ့ မင်းတွက်ဆို
တမင်တကာပြုံးလို့  ပျော်စေမယ်
နွမ်းလျတဲ့ဒီအဖြစ်ကို ထားလို့ ပြေးခဲ့ 
ရွေအိမ်စံမှာပျော်……ပျော်ကာမြူးလို့ 
ပျံသန်း…ပါ…တော့ …အချစ်ငှက်ငယ်
ဝေး …ဝေး……….အဝေးကြီးကိုပြန်သန်းတော့ 
မဆုံ ..မဆုံနိုင်အောင်ဝေးလည်း….
တစ်ကောင်ထဲအဖော်ကွဲလည်း ကွဲပစေတော့ 
ကောင်းကင်ကတိမ်တွေလေဟုန်စီးရင်း
နင်မရှိလည်းငါ…ပြန်သန်းကာပျော်မယ်………
ဘယ်တော့မ…မ ဆုံ နိုင် အောင် ဝေး \ ! /

Thursday, May 6, 2010

“ ခင် “ဟူသော မိန်းကလေးဆီသို့

မင်းပြောသမျှ
အလှလို့ထင်
မင်းပြောသမျှ
ယုံစားမိခင်....
အပြစ်တစ်ချက်
မြူတစ်ချက်မျှ
မထင်မိချေ
ချစ်ခဲ့ရသူမို့ပါခင်........။
ချစ်မိသမျှ
ရင်ဖွင့်ချရေး
ကလေးအတွေးကို
မင်းလေးမကြိုက်
( feel ) မလိုက်တော့
လှောင်ချင်လှောင်
ပြောင်ချင်ပြောင်
မုန်းချင်မုန်း
ပြုံးချင်ပြုံးပါ
ကြည်ဖြူလက်ခံ
ဆန္ဒမှန်ဖြင့်
အသည်းကွဲခံမယ့်
“ လွမ်းရဲသူမို့ပါ.........ခင်..။
မင်းရဲ့အကြောင်း
တွေးတောမိတိုင်းလေ
သတိရတိုင်း
ကို.........
မျက်ရည်ဝိုင်းတယ်
လွမ်းဆွေးဒုက္ခ
ကြွေနွမ်းမျက်ရည်
ရေအလျှင်နဲ့
ချောင်းဖြစ်တော့မယ်......ခင်....။
မရှောင်နိုင်တသ်ကွေ့
မင်းနဲ့.တွေ့ရင်
မင်းနဲ့တွေ့ရင်
ပြုံးကြည့်မိလို့
ခံစားနတ္ထိ
မရှိပြီဟု
မထင်မိနဲ့
မချိပြုံးနဲ့
ကိုယ့်နှလုံးထဲမှာ
ခံစားစူးရှ
ရင်နင့်စွာဖြင့်
ငိုနေမိတယ်ခင်......။
မှတ်ချက်။ ကိုယ်တိုင်ရေးကဗျာ

အချစ်ဦးသို့

မချစ်ဖူးလို. ရစ်မူးတာမဟုတ်
အဖြစ်ထူးလို့ အချစ်ဦးလို့
ကင်ပွန်းတပ်လိုက်မယ်
တွေ့စက မေ့မရအောင်
ပြုံးအလှတွေ သုံးပြလိုက်တော့
ရုန်းရခက်သွားတာပေါ့
ချစ်တာကို သစ္စာဆိုခိုင်းရင်ခိုင်း
အပြစ်ရှာကာ မပစ်ခွာသွားပါနဲ့
အချစ်ဦး ရာ
ချစ်သူဖြစ်လျှက် နှုတ်မဆက်ပဲ
ရင်ထဲကစိတ် ဆို့ပိတ်နှောင်တည်း
အဖြစ်သည်းစွာ ဝေဒနာနှင့်
ပြန်လာမည်လား ခွဲသွားထာဝရ
ဘာမျှမသိ သို့ဖြစ်၏ဟု
နှမိနှမြော သောကဇောသည်
သဘောလောင်မြိုက် လေနှယ်တိုက်သည်
ထိခိုက်ဆွတ်ကြင် လွမ်းမောလျှက်.................။

Wednesday, May 5, 2010

မြှုပ်နှံခဲ့တဲ့ ချစ်ခြင်းတစ်စုံ

မြှုပ်နှံခဲ့တဲ့ ချစ်ခြင်းတစ်စုံ

လွမ်းလို့သာ ငိုရကြေးဆို....
ကျနော့မျက်ဝန်းအိမ်တွေ....
ခန်းခြောက်ခဲ့တာ ကြာလှပေါ့.....
နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတိုင်း...
ဒီရာစုနှစ်ရဲ့....
မြို့ပြအောင်ခြေမှာ...
ကျနော်ကိုယ်တိုင်မြှုပ်နှံခဲ့တဲ့....
ချစ်ခြင်းတစ်စုံရှိတယ်....

ကောင်းကင်မှာကြယ်မစုံသရွေ့....
သူမမျက်နှာပဲ....ပုံဖော်ကြည့်မိတယ်....
အစွန်းရောက်ခဲ့တာတော့မဟုတ်ဘူး....
လွမ်းဆွတ်ခြင်းဒါဏ်ရာကို....
သူမတစ်ယောက်သာ...ကုစားပေးနိုင်ပါရဲ့....

နိုးတ၀က် အိပ်တ၀က်....
အိပ်ပျက်ညနက်တွေထဲ....
အဲဒီအသိတစ်ခုနဲ့တင်....
ကျနော်....နေပျော်တယ်...

တိတ်ဆိတ်ည

တိတ်ဆိတ်ည

သူမ....
မာယာတစ်ထောင်နဲ့ စုန်းမ..
' က ' ကြိုးစုံစွာနဲ့....
မီးတောက်ဗုံတစ်လုံး...
ရနံ့ကဝေသစ်နဲ့..
ဒီ ' ကဖေး ' ညက...
တဆိတ် ' တိတ် ' လွန်းတယ်...
ကောင်းကင်ကမဟူရာ...
ဒီဖက်ဘုံမှာက အသူရာ...
ဖြူဖြူပြာပြာ အရောင်တွေစုံလို့....

လိပ်ပြာတွေက တ၀ဲဝဲ....

အသည်းတွေကလည်း....

အလဲ....လဲ.....ကွဲ....

... အချစ်သည် ...

အချစ်သည်
ကွယ်လွန်ခဲ့ပြီးသောမရှိတော့သော
အတိတ်ကာလ၌လည်းမရှိ.....

မမွေးဖွားသေးသော
မရေရာသော
အနာဂတ် ကာလ၌လည်းမရှိ....

လျှပ်ပြက်သကဲ့သို့
တစ်မုဟုတ်ခြင်းသာသိနိုင်၍
ရေပွက်သကဲ့သို့
ရုတ်ခြည်းပျောက်ကွယ်သွားနိုင်အရာ....

အချစ်သည်
လက်ငင်းဓိဌဓမ္မ
မျက်မှောက်ပြုနေရသော
ပစ္စုပ္ပန်ကာလ၌သာရှိ၏....

ကြေးမုံပြင်သည်ထင်ဟပ်လာသော
အရိပ်တို့ကိုဖမ်းယူဆုပ်ကိုင်ထားနိုင်ခြင်းမရှိ...

ကြေးမုံပြင်၌ထင်သောအရိပ်သည်
ပုံရိပ်စစ်စစ် မဟုတ်နိုင်....

အချစ်

တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။
လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့...
လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို
ကြီးစိုးဝါးမြိုထားကြတယ်။



မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း
ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ
နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။



နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့
နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။



နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင်
အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို
သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက
အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့
အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။



တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို
ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက
ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။
ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို
ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက်
ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။



အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် ၈ချပ်ကျန်သေးတယ်။
တစ်ယောက် ၄ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။
ကောင်လေး ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး
အိတ်ကိုယ်စီထဲ ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး
ကောင်မလေးကို "ငါ ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး
ထွက်သွားခဲ့တယ်။



အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း
ဖွင့်မပြောကြသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင်
ဒီခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။
တကယ်လို့ ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက
တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ကျန်ရစ်ခဲ့သူက
ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။ ရင်ထဲက
အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။
ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ
သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို
ကောင်လေး အမှတ်အသားလုပ်ခဲ့တယ်။



နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး
အားပြတ်ပြီး လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။



"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"



သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို
ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ
ပြန်မလာတဲ့ သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ
ဝင်ရှာခဲ့တာဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး
ကောင်လေးအမှတ်အသား လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့
သေလုမျောမျောဖြစ်နေတဲ့ ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။



ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ
တက်လာခဲ့တယ်။ သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို
ပြန်မဖြေခဲ့ကြဘူး။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့
လေသံနဲ့



"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့
သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့
တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။



အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့
ကောင်လေး မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့်
စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။
ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို
လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို
ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို
သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....



"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွားပါပြီ။ သူပျော်ရွှင်နေပါတယ်...
ကောင်းကင်ဘုံမှာ စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။



တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့
ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။
ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။
ဆာလောင်ပြီး သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့
ကိတ်ခြောက်အစား ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက
၈ချပ်မကျန်ဘဲ ၄ချပ်ပဲ ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ်
ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး ကောင်လေးကို
ခွဲဝေပေးခဲ့တာဖြစ်တယ်။



ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး
အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး
ဆုတ်ကိုင်ထားတယ်။



"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို
ပြောမပြပါနဲ့... သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"



အချစ် ဘာကြောင့် လှပရသလဲ?

အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။

လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့ သိမ်းပိုက်ထားခဲ့တယ်....

အချစ်

လွမ်းသစ်ပင်.......

်နေ့ညတွေများစွာ.
ကုန်လွန်သွားခဲ့ပေမယ့်..
ရင်ထဲမှာ မကုန်ဆုံးနိုင်တာ..
ရင်ထဲက အဖြူရောင်မေတ္တာပါ............

အရာအားလုံးလည်း...
အချိန်တိုင်း စက္ကန့်တိုင်း..
ပြောင်းလဲနိုင်ပေမယ့်လည်း.....
ဘယ်တော့မှမပြောင်းလဲနိုင်တာ.....
ရင်ထဲက ခင်မင်မှုလေးပါ..............

သတိရခြင်းများစွာ...
ကြင်နာခြင်းများစွာ....
မျှော်လင့်ခြင်းများစွာနဲ့....
လွမ်းရဲ့သစ်ပင်လေးမှာ...
“မေ့”ရဲ့မေတ္တာရေစင်ကို..
တမ်းတနေမိလည်း.............

အခုတော့..........
ရွက်တွေလည်းကြွေ...
သစ်ကိုင်းတွေလည်းခြောက်
“မေ”ကအခုတော့ ခြေရာတွေဖြောက်ပြီမို့
လွမ်းသစ်ပင်လေးသေဆုံးရတော့မှာပါ.....“မေ”............။

“မြတ်နိုးခွင့်”

လူတကာထက်
ဘာမှတော့ပိုမထူးဆန်းခဲ့ပါဘူး
အဖြူထည် မြတ်နိုးနေရုံသက်သက်နဲ့ 
တစ်ဘဝလုံးရင်းပြီးချစ်ခွင့်ရရုံလေး။။

ရှင်သန်ခဲ့ တဲ့ ငါ့ဘဝတလျှောက်
နင့်ဆီက တကယ့်ကိုဘာမှမမျှော်လင့်ခဲ့တာပါ
တကယ်လို့ များ
အဆုံးသတ်ခက်ခက်ဇာတ်သိမ်းအတွက်
နာကျင်ရမယ်ဆိုရင်လဲ
အဲ့ ဒီနာကျင်ရမဲ့ သူ
ငါပဲဖြစ်လိုက်ချင်ပါတယ်။။


ဒီဘဝကြီးထဲ ငါဟာနင့်အတွက်
ပေးဆပ်ဖို့ သက်သက်
မွေးဖွားလာတဲ့ ကောင်ပါ
နင်စေလိုရာစေဖို့ 
လိုအပ်ရင်
င့ါဘဝကိုတောင်ခင်းပေးထားခဲ့ မယ်
ဒါပေမယ့်
နောက်ဆုံးထွက်သက်ထိမြတ်နိုးခွင့်လေးတော့
ငါ့ကိုပေးပါ။။

နင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုအချစ်နဲ့ စပြီး
အချစ်နဲ့ပဲ အဆုံးသက်ချင်တယ်
လူ တကာကဩချရလောက်အောင်
မတောက်ပလည်း နင့်အတွက်ဆို
ငါကထာဝရထွန်းလင်းချင်တဲ့ 
ပိုးစုန်းကြူးတစ်ကောင်ပါ။။


ကြွေဆင်းခွင့်ရလို့ ကမ္ဘာမြေကို
သက်ဆင်းကြတာချင်းအတူတူ
ငါ့မိုးစက်လေးကနင့်အတွက်
ပိုအေးချမ်းချင်တယ်
နင့်အတွက်ဆိုရင်
ငါကအဲ့ လိုအတ္တနဲ့ ကောင်ပါ။။

ကမ္ဘာမြေနဲ့ မိုင်ပေါင်းမက
လရောင်အလင်းနှစ်တွေထဲ
ဒီတစ်ညတော့ငါ့ နတ်သမီးလေးဖတ်ဖို့ 
လှလှပပကဗျာတပုဒ်
နှလုံးသားနဲ့ ထုဆစ်ရဦးမယ်။။

အိုဘယ်...ငါ့အိမ်မက်နတ်သမီးလေးရယ်
နှလုံးသားနဲ့ ထုဆစ်ထားတဲ့ ငါ့ကဗျာကို
နင်နားလည်ခံစားနိုင်ပါစေသားကွယ်...။။

အချစ်စစ်ဆိုသည်မှာ

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်.. အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား … နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..

“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”


အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော် ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့ ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်တော်တို့ တွေရဲ့ ဘ၀မှာ အချစ်စစ် ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ် … ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်… ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်…. ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……


ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ အချစ်စစ် ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….

အတိတ်ရဲ့အနာဂတ်

အသက်ရှူတိုင်းမှာ..
အမှတ်တရတွေပြည့်နေလို့..
နင်မရှိတော့တဲ့ ငါ့အနာဂတ်ဟာ
ရှင်သန်ခြင်းတွေနဲ့ သေဆုံးခဲ့တယ်...
ရင်ခုန်သံတိုင်းမှာ
အချစ်ဒီရေတွေ တက်လာတိုင်း
တိမ်စိုင်တွေလို လွင့်မျောရင်း
ငါ့ကိုငါ နာကြည်းနေမိတယ်....
အတိတ်ရဲ့နေ့စွဲတွေမှာ
နှလုံးသားတစ်စုံကို ယုံစားမိလို့
အပြုံးတစ်ချက်မှာ ကျရှူံးခဲ့ရတဲ့ငါ...
မိုးပြိုမှာလည်း မကြောက်တော့ပါဘူး
အိပ်ပျက်ညတွေမှာ
သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း
ေ၀၀ါးသွားခဲ့ရတဲ့အတိတ်ကို..
ပြန်ရှာဖွေနေမိတာကလွဲလို့ပေါ့...။

အရိုင်းရင်ခွင်

ကြမ်းတမ်းခက်ထန်တဲ့ မြေလွှာ...
ဒီနေရာမှာ
နင်ထင်မထားမယ့်..
အားလုံးထက် စစ်မှန်တဲ့
မြေဆီမြေနှစ်တွေ တစ်ပုံတစ်ပင်ပါ..
ချစ်သူ...
ရင်တွင်းအချစ်မျိုးစေ့ကို
နင့်ကြောင့်
ငါ့ရင်ခွင်မှာ စိုက်ပျိုးမိလို့
နှလုံးသားတွင်းက
ချစ်ခြင်းရဲ့လိုအင်တွေက
အားထက်သန်လွန်းတော့..
အခုလေ..
သံယောဇဉ် နွယ်ပင်အခက်တွေနဲ့
ငါ့တစ်ကိုယ်လုံး..
ရုန်းမထွက်အောင်
တုပ်နှောင်မိနေပြီလေ။ ။

မဝံ့မရဲ

မချစ်တက်တာမဟုတ်ပါဘူး
မချစ်ရဲသေးတာပါ
သံယောဇဉ်မရှိတာမဟုတ်ပါဘူး
ဖြတ်မရမှာဆိုးတာပါ
မတွယ်တာ တာမဟုတ်ပါဘူး
လှစ်လှူမရှုချင်လို့ပါ
မခင်မင်တာမဟုတ်ပါဘူး
ခင်မင်ချိန်တွေပျက်သုန်ကုန်မှာဆိုးလို့ပါ
မမုန်းတက်တာမဟုတ်ပါဘူး
ရက်စက်တယ်လို့အပြောမခံချင်လို့ပါ..............

လက်တွေ့

' လက်တွေ့ '
ကိုရေ....
မြင့်မားတဲ့ တောင်တွေကို
မဖြိုခိုင်းသလို
မီးပင်လယ်ကိုလည်း
မဖြတ်ခိုင်းဘူးနော်...
အရာအားလုံးဟာ တို့ အတွက်လို့လည်း
ကြွေးကြော်စရာမလိုဘူး...
တို့ ကလွဲရင်ဖွဲ နဲ့ဆန်ကွဲလို့ လည်း
မပြောနဲ့တော့(ယုံတယ်)
အဝေးကြီးတွေမတွေးပါနဲ့
အခုလက်ရှိကတော့
စိန်ကြိုးပါးပါးလေးတကုံးတည်းပါ၊

အသည်းကွဲသူ

အသည်းကွဲသူ


တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး "ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

Tuesday, May 4, 2010

ကမ္ဘာတ၀ှမ်းရှိကို့ယို့ကားယားနိုင်သောရေချိုးနည်းများ

ကမ္ဘာတ၀ှမ်းရှိကို့ယို့ကားယားနိုင်သောရေချိုးနည်းများ
အကယ်၍သင်ဟာ မောပန်းနေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ရေချိုးလိုပါသလား

နို့ရည်နဲ့ ရေချိုးတာကို တော့ ကျွန်တော်တို့ ကြားခဲ့ဖူးတာကြာပါပြီ ။
ဒါပေမယ့် ကျွန်တော်တို့ လုံးဝမကြားဖူးသေးတဲ့ ရေချိုးနည်း
သစ်တွေအများကြီးရှိပါတယ် ။ ပုံသဏ္ဍာန်မတူတဲ့ ရေချိုးနည်းတွေဟာ ဒေသတစ်ခု
လူမျိုးတစ်ခုချင်းစီရဲ့ ရိုးရာဓလေ့ များဖြစ်ပြီး အဲဒီဒေသတွေမှာ
အချိန်တိုအတွင်းမှာပဲ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီရေချိုးနည်းတွေထဲက အချို့ဟာ
တကယ့်ကိုပဲ ထင်ရှားကျော်ကြားလှပါတယ် ။ ဘာကြောင့်လဲဆို လူရဲ့
ခန္ဓာကိုယ်ကို အကျိုးရှိစေပြီး ပါဝင်ဆင်နွှဲကြသူတွေဟာ
ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွက် ဖြစ်ပါတယ် ။ ဒီလိုကို့ယို့ ကားယားနိုင်တဲ့
ရေချိုးနည်းတွေဟာ ဂျပန်နိုင်ငံကနေ အခြေပြုဆင်းသက်လာတယ်လို့လည်း သိရပါတယ် ။



မြေကြီးရေချိုးနည်း

ဂျပန်နိုင်ငံမှာ ရိုးရာဓလေ့အဖြစ် Kyushu ကျွန်းမှာ မြေကြီး ရေချိုးနည်းကို ဆင်နွှဲလေ့ရှိကြပါတယ် ။ ဒီရေချိုးနည်း ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို
အကျိုးရှိစေပြီး ချွေးထွက်စေပါတယ် ။ စိတ်ကို ပြေလျော့စေပြီး ခန္ဓာကိုယ်
တောင့် တင်းမှုတွေကိုလည်း သက်သာစေတဲ့အပြင် လန်းဆန်းမှုကိုလည်းပေးပါတယ် ။
ဦးခေါင်းမှလွဲ၍ တကိုယ်လုံးကို မြေကြီးထဲ နစ်မြှုပ်ထားခြင်းပဲ ဖြစ်ပါတယ် ။



ရေနံနှင့် ရေချိုးနည်း

အန္တရာယ်အများဆုံး ရေချိုးနည်းတွေထဲက တစ်ခုကတော့ ရေနံနဲ့ ရေချိုးနည်းပဲ ဖြစ်ပါတယ် ။ ရေချိုးတော့ မယ်ဆိုရင်တော့ သင့်ရဲ့ ပါးစပ် ၊ နှာခေါင်း ၊ ပါးစပ်တို့ကို
လုံခြုံစွာ ဖုံးအုပ်ထားဖို့တော့ လိုပါလိမ့်မယ် ။ ရေနံနဲ့ ရေချိုး နေစဉ်မှာ
ဆေးလိပ်သောက်ဖို့ မီးမညှိရန်လည်း သတိထားရပါမယ် ။ ရေနံနဲ့ ရေချိုးခြင်းရဲ့
အကျိုးကျေးဇူး ကတော့ အဆစ်ရောင်ရောဂါနဲ့ အရေပြားရောဂါတွေကို
ပျောက်ကင်းစေတဲ့အတွက် ဖြစ်ပါတယ် ။ ဘာကြောင့် လည်း ဆို ရေနံမှာ sulphur
(ဆာလ်ဖာ) ပါဝင်တဲ့အတွက် ဖြစ်ပါတယ် ။ ဒီရေချိုးနည်းကို Azerbaijan နိုင်ငံမှ
Naftalan မှာ ကျင့်သုံးနေကြပါတယ် ။




ဘီယာနှင့်ရေချိုးနည်း

ဘီယာကို ၀ိုင်ထက်ပိုပြီး နှစ်သက်ကြသူတွေဟာ ဒီပြိုင်ဖက်ကင်း ဘီယာရေချိုးနည်းကို အကြိုက်တွေ့ကြပါတယ် ။
ဒီဘီယာ အစွမ်းဟာ သင့်ရဲ့ အရေပြားတွေကို ပိုပြီး လှပအောင်
ငယ်ရွယ်နုပျိုအောင် စွမ်းဆောင်နိုင်ပါတယ် ။ ကလေး နဲ့ လူကြီးတွေဟာ
ဘီယာရေချိုနည်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွင် နှစ်သက်ကြပါတယ် ။




အနီရောင်ဝိုင် ရေချိုးနည်း

ပြင်သစ်ဝိုင်ကို နှစ်သက်ကြသူတွေဟာ ပြင်သစ်နိုင်ငံ မှ ပူပြင်းလှတဲ့ နွေအခါမှာ Japan နိုင်ငံ
Hakone Kowakien ကိုသွားရောက်ပြီး ၀ိုင်ရေချိုးနည်းကို ဆင်နွှဲကြပါတယ် ။
သင်ဒီရေချိုးနည်းကို သုံးခြင်းအားဖြင့် ရရှိတဲ့အကျိုး ဆက်ကတော့
ရေချိုးနေရင်း ၀ိုင်သောက်လို့ရခြင်းဖြစ်ပါတယ် ။ ဒီပျော်ရွှင်စရာ
ရေချိုးနည်းကို ကလေး တွေနဲ့ လူကြီးတွေပါ ဆင်နွဲကြပါတယ် ။ ၀ိုင်ဟာ
အရေပြားကို ကောင်းကျိုးပေးပြီး လှပစေပါတယ် ။ အရေပြား ဆဲလ်အသစ်တွေကိုလည်း
ပြန်လည်ဖြစ်ပေါ်စေပြီး နုပျိုစေတယ်လို့ အယူရှိကြပါတယ် ။




ခရမ်းချဉ်သီး ရေချိုးနည်း

ကိုလံဘီယာနိုင်ငံမှ ခရမ်းချဉ်သီး ပွဲတော်ဟာ ရက်သတ္တပါတ်ကြာအောင်ကျင်းပလေ့ရှိတဲ့အတွက်
ခရမ်းချဉ်သီး ရေချိုးနည်းဟာ ထင်ရှားကျော်ကြားလှပါတယ် ။ ခရမ်းနီတွေကို
အသုံးပြုတဲအတွက် အရည်ရွှမ်းရွှမ်းနဲ့ ပျော်ရွှင်စ ရာကောင်းလှပါတယ် ။
စစ်ပွဲတစ်ပွဲနဲ့ ဆင်တူလှပြီး အနိုင်ရရှိသူမရှိပါဘူး ။ ရင့်မှည့်နေတဲ့
ခရမ်းချဉ်သီးတွေကို လက်နက်အဖြစ်အသုံးပြုပြီး လမ်းတွေတလျောက် စစ်ပွဲသဖွယ်
တိုက်ခိုက်ကြပါတယ် ။ အမှတ်တမဲ့ ကြည့်မယ် ဆိုရင် ခရမ်းချဉ်သီး
အရည်မြစ်ကြီးနဲ့ ဆင်တူလှပါတယ် ။

Saturday, May 1, 2010

ရာဇဝင်ထဲကမောင့်သတို့ သမီး


ကဗျာပြုသူ
စာနုသူမို့ 
“စိတ်ကူးတိမ်တိုက်သူ”လို့
တွေးလိုက်လေသလားမောင် . . .

ကဗျာဖူးသူ စာရူးသူ
မေ့နှလုံးသားဖော့ဖယောင်းလို
ပျော့ပြောင်းပေမဲ့
ချစ်သူအတွက်ဆိုရင်
ကလောင်ကို
ကိုင်တဲ့လက်ဖမိုးနု
ရဲရင့်ခြင်းကို
သွေးသောက်အဖော်ပြုလို့ 
ပြတ်သားခြင်း
အဘိဓာန်ကိုချနင်း

အန္တရယ်စက်ကွင်းမှာ
စီးချင်ထိုးရင်း
မာန်ဟုန်ပြင်းပြင်း
ရင်ဆိုင်ခြင်းကျောက်စာမှာ

“ရာဇဝင်ထဲကမောင့်သတို့ သမီး” ဖြစ်သူမို့ 
ချစ်သူသည်သာ
ကိုယ့်အနားရှိဖို့ လိုသည် . . .

သို့/......နှလုံးသားလေး ဖျားနေ


ငါ...

အလုပ်သွားဖို့ မှန်တင်ခုံရှေ့မှာထိုင်ပြီး အလှပြင်ဖို့လုပ်တုန်း...

မှန်ထဲက ငါ့ရဲ့ပုံရိပ်ကို အမှတ်တမဲ့ ကြည့်လိုက်မိတယ်...

သူ..ငါ့ကိုကြည့်နေတယ်..ငါလည်း သူ့ကိုကြည့်နေမိတယ်...

သူ့ရဲ့မျက်ဝန်းအိမ်ထဲက လွမ်းဆွေးမှုတွေကို ငါ..တွေ့နေရတယ်..

ခနကြာတော့...သူ့မျက်ဝန်းအိမ်ထဲက မျက်ရည်တွေ လိမ့်ဆင်းကျလာတယ်..

ငါ..သိပါတယ်...

ဒီအချိန်ဆိုရင်..နင်နဲ့ ငါ..တွေ့နေကျမို့...

နင့်ကိုငါ..လွမ်းမိသွားတာ..မှန်ထဲက သူ..သိနေတယ်လေ...

ဟုတ်တယ်...ငါ..နင့်ကိုလွမ်းနေတယ်...

ဒါပေမယ့်..အဝေးကြီးမှာပဲ ငါ..နေတော့မယ်...

ကဗျည်းတင်မယ့် အချစ်

အကြည့်လေးတစ်ချက် ဆိုပေမယ့်
အဲဒီအကြည့်ကိုမှ “ပျို” စွဲမက်

နှလုံးသားတံခါးကို ဖောက်ထွက

သူ့အချစ်အာရုံမှာ ရစ်မူးခဲ့ရတယ်...။

အပြုံးလေးတစ်ချက် ဆိုပေမယ့်

အဲဒီ အပြုံးကိုမှ “ပျို” စွဲမက်

ရင်ခုန်သံ နံရံကို ဖောက်ထွက်
သူ့ရင်ခွင် စည်းချက်မှာ ထပ်တူကြခဲ့တယ်...။


ဒီလိုနဲ့ ...
အတိတ်က အရိပ်တွေကို ခဝါချ

ဘဝဇာတ်ခုံ ကန့်လန့်ကာအလှစ်

ပိတ်ကားအဖွင့်မှာ

ချစ်သူ့တေးအာရုံနဲ့ အစပျိုး

နေညိုချိန် မယ်လိုဒီတေးတစ်ပုဒ်ကို

တစ်ခန်းရပ်ပြဇာတ်အဖြစ်

သူ့အနမ်းတေးသွားနဲ့မိုးစုန်းစုန်းချုပ်စေခဲ့တယ်..။


ချစ်ခြင်းရယ်ပြိုင်
ကမ္ဘာတိုင်မယ့် နှလုံးသား
ကြေကွဲမျက်ရည်တွေကြားမှာ

တစ်ဦးကိုတစ်ဦး ဖေးကူ ထူမရင်း

ရင်ခုန်သံကဗျာကို သံစဉ်ညှိကာ

“အချစ်ညရင်ခုန်သံ” အဖြစ် ပြောင်းလဲခဲ့ကြတယ်..။

ဒီလိုနဲ့ပဲ ချစ်လာလိုက်ကြတာ

ကမ္ဘာဦးအစက

အချစ်ရာဇဝင်တွေကိုချန်ရစ်

ခေတ်သစ် အချစ်ရာဇဝင်မှာ

“တို့”ရဲ့အမည်နာမတွေ

သမိုင်းတွင် ကျန်ရစ်
ကဗျည်း စာမျက်နှာသစ်ဖြစ်စေဖို့

တို့ရဲ့အချစ်တွေ Brand-new အဖြစ်နဲ့

၂၁ရာစုက နောင်လာနောင်သားတွေအတွက်

ကျောက်ထပ်အက္ခရာ တင်ခဲ့မယ်...။

လွမ်းချင်း...


လွမ်းတယ်...မောင်ရယ်......
တမင်လွမ်းအောင်များ........
ရှင်ဖန်ဆင်းနေသလား............
မတွေ့ရတာ ကြာလာတော့......
လွမ်းရတဲ့.......ဒီရင်မှာ............
“အနမ်းရေ”...တွေငတ်ပေါ့.......
ချစ်သူကိုတွေ့ရင်ဖြင့်.........
ရင်ခွင်ထဲ...ပြေးဝင်လို့......
“အနမ်းရေ”တွေကို...........
တစ်ဝကြီး သောက်လိုက်ချင်သေး...............

မိန်းခလေး..ဘဝ


ဆုံခွင့်ရှိရင် မြင်ချင်မိတယ်
တဘဝလုံးအတွက်ပါ....
ဆုံခွင့်ရှိရင်
အနားမှာနေချင်မိတယ်
တဘဝလုံးအတွက်ပါ....
ဆုံခွင့်ရှိရင်
ဖွင့်ပြောချင်တယ်
ရင်ထဲက စကားလေးတခွန်း
တဘဝလုံးအတွက်ပါ....
"သခင်".....
အချိန်ကာလတွေသာ
ဖြတ်ကျော်လာခဲ့တယ်
ရင်ထဲက စကားတခွန်း
ဖွင့်ဟပြောဖို့ ဆန္ဒရှိလည်း
ပြောမထွက်ခဲ့ပါ....
"မိန်းခလေး...ဘဝ"...ပေမို့...။

တစ်နေ့တစ်မိနစ် ပွေ့ဖက်ပါ

မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက် မွေးခဲ့ပေမယ့် တစ်သားမွေး တစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ် အချိုးအစားကို အပျိုလေးတစ်ယောက်လို့ သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့ တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံမှုက တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။

တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။

"ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်"

"ဘာတောင်းဆိုမှာလဲ" သူ စိတ်မရှည်စွာ မေးတယ်။

"ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ"

"လိုအပ်လို့လား?" သူမကို သူတစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့မေးတယ်။

"လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့ ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်"

"အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး"

"တကယ်လို့ အရင်တုန်းက ချစ်တာကို ရှင်ထုတ်ဖော် မပြောခဲ့ရင် ကျွန်မတို့ ယူဖြစ်ကြမယ် မထင်ဘူး"

"အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား?"

"ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာ မဟုတ်သလို ထုတ်ပြောတိုင်း ဟန်ဆောင်တာတွေ မဖြစ်နိုင်ဘူး"

နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။ နောက်ဆုံးတော့ စစ်အေးမီးငြိမ်းအောင် သူပဲ အရင် အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်တယ်။

"အဓိပ္ပါယ်မဲ့တဲ့ မိန်းမပဲ" သူမကို ပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။

"အချစ်နဲ့ ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပါယ်မဲ့တတ်ကြတာပဲ"

အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။

နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြေးဖြေး သဟဇာတ ဖြစ်လာခဲ့တယ်။ ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့ စိတ်ခံစားချက်ရော၊ အဓိပ္ပါယ်ပါ ကွဲပြားခဲ့ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက...

"ကျွန်မကို ပွေ့ရမယ့် တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွတ်သွားတာပေါ့နော်"

"ဟင့်အင်း.. ငါ မင်းကို ဖက်ချင်နေမှာ" သူရယ်ရင်းပြောတယ်။

တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့တယ်။ ဖုန်းပြောရင်း သူမရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ ဒေါသတွေ အချင်းချင်း ပွတ်တိုက်မိကြပြီးဆိုရင် အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု နည်းသွားတတ်တယ်။

လူတွေက အိမ်ထောင်သက် ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေ မလိုတော့ဘူးလို့လည်း ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူး ချစ်ကြိုက်ခဲ့တဲ့ အချစ်နဲ့ခံစားချက်ကို တဖြေးဖြေး မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစက ရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်ဆီးအောင် ဖျက်ဆီးပစ်လိုက်ကြတယ်။

တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးပွါးအောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အချစ်က ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်ဆီးသွားမှာ မဟုတ်ပါဘူး။

"ချစ်တယ်" "ကျေးဇူးတင်ပါတယ်" ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမှုလေး တစ်ခုထဲတင် ကိုယ်ချစ်တဲ့သူရဲ့ နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို အဓိပ္ပါယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။
Posted in

0 Response to "တစ်နေ့တစ်မိနစ် ပွေ့ဖက်ပါ"

Romantic ကဗျာထဲက ရာဇဝင်တွင်မယ့် လူသား(၂)ဦး


"လ"သာတဲ့ ည တစ်ညမှာ
Romantic ဆန်တဲ့
ရာဇဝင်ထဲက လူသားနှစ်ဦး
အသက်ဝင် နိုးထလာခဲ့တယ်....
တိုက်ခတ်နေတဲ့
လေညှင်းလေးနဲ့ အတူ
ကမ္ဘာအစွန်း နှစ်ဖက်ဆီက
သူတို့ရဲ့ နှင်းဆီရောင်သန်းနေတဲ့
စပျစ်ဝိုင်ခွက်ထဲက
အချစ်သေရည် ယစ်မူးနေတဲ့
ရေးလက်စ ကဗျာလေးတပုဒ်ကို
Romantic ဇာတ်လမ်းလေးဖြစ်အောင်
ဟိုး.........အတိတ်ဆီက
သမိုင်းတွင်ခဲ့ဖူးတဲ့
အချစ်ရာဇဝင် ဟောင်းတွေကို
မြေလှန်ရင်း
ကမ္ဘာဦး..."အစ"
"နှစ်ယောက်ထဲရှိတဲ့"...
"အာဒံ နဲ့ ဧဝ" လူသား"ဘဝ"ကို
New Version အဖြစ် ပြောင်းလဲဖို့
တိတ်တိတ်လေး ကြိုးစားနေကြလေရဲ့....။

Posted in

0 Response to "Romantic ကဗျာထဲက ရာဇဝင်တွင်မယ့် လူသား(၂)ဦး"

Modern Toilet ဟဲဟဲ စားကြမလား? စားချင်စရာလေးတွေနော်
















ဒီပုံတွေအားလုံး Forward Mail တွေထဲက ရထားတာပါ

Sunday, October 19, 2008

Funny Scene



..........နှလုံးသားစာမျက်နှာ..

အဖော်ရယ်မပါနွေလယ်မှာ
မှာနာကျင်စွာဝေဒနာတွေနဲထု
ဆစ်ထားတဲ့အိမ်မက်လေးရယ်


ဘယ်ဆီမှာဖွေရှာရမယ်မသိ
တဲ့မျှော်လင့်ချက်နဲ့ပြန်ဆုံရန်
အခွှင့်ရှိသေးတယ်ဆိုတဲ့ဆန္ဒက
ယုံကြည်စွာစောင့်ကြိုနေပေမဲ့
ပြင်ဆင်ချိန်မရတဲ့ကံတရားအ
ဆုံးရဲ့အစလွမ်းဆွတ်ကြွေကွဲ
စရာအပိုင်းအစများစွာအတွက်
ကိုယ်တိုင်ဖွင့်ဖတ်မဖြစ်နှလုံးသား
စာမျက်နှာအဖြစ်သာရှိနေနှင့်
ခဲ့ပြီကွယ်...................။

ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်

(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။ ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။

(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။

(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...

(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...

(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့ ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။

(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။ ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။

(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။ မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။

(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?

(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။ နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။

အင်တာနက်ပေါ်က "အချစ်



တကယ်လို့အချစ်မှာ အကြောင်းပြချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

တကယ်လို့အချစ်မှာ ရည်ရွယ်ချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဖြေရှင်းခွင့်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဆင်ခြေတွေရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်က ဒဿနတွေနဲ့ မကိုက်ညီဘူး။ ဒါကပဲ အချစ်ရဲ့ဒဿနဖြစ်မယ်ထင်ပါတယ်။

ကိုယ့်ချစ်သူက လူအများသတ်မှတ်ထားတဲ့ ပြီးပြည့်စုံသူ၊ ကိုယ်နဲ့ထိုက်တန်သူ၊ ကိုယ့်အတွက် မှန်ကန်သူ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူဟာကိုယ့်အတွက် အရာအားလုံးကို မေ့ထားစေနိုင်တဲ့သူ၊ ကိုယ်မချစ်ဘဲ မနေနိုင်စေတဲ့သူဖြစ်တယ်။

အချစ်ခံရလို့ အချစ်ကို အချစ်လို့ခေါ်တာမဟုတ်ဘူး။ ချစ်နေတာကိုက အချစ်ဖြစ်တယ်။
အချစ်မခံရလို့ ကိုယ့်အချစ်တွေ မဆုံးရှုံးသွားနိုင်ဘူး။ အချစ်ကချစ်သူရဲ့ နှလုံးအိမ်ထဲမှာရှိတယ်။ အချစ်ခံသူရဲ့ အကြည့်ထဲမှာရှိတာမဟုတ်ဘူး။

အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။
မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။
ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ချစ်လွန်းလို့ ကိုယ်တိုင်ပဲခံစားခဲ့တယ်။
ချစ်လွန်းလို့ အချစ်ကို အလွယ်တကူ ဆုံးရှုံးရတတ်တယ်။

အချစ်က ကြောင်တောင်ကန်းပါ။
ချစ်နေချိန်မှာ တစ်ဘက်သားရဲ့ အားနည်းချက်ကို မမြင်တတ်ကြဘူး။ အားသာချက်ကိုပဲမြင်ပြီး အားသာချက်ဟာ အားသာချက်၊ အားနည်းချက်ဟာလည်း အားသာချက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လမ်းခွဲချိန်မှာတော့ အမှားဟာ အမှားပဲ၊ အမှန်ဟာလည်း အမှားဖြစ်ကုန်ကြတယ်။

အချစ်က မျက်ရည်ရဲ့စစ်သုံ့ပန်းအဖြစ်မခံဘူး။ ရင်ခုန်ခြင်း၊ သနားကြင်နာခြင်းရဲ့ စစ်သုံ့ပန်းအဖြစ်သာ ခံလိမ့်မယ်။

သဝန်တိုခြင်းက အချစ်ကို သိသာထင်ရှားစေတဲ့အရာ မဟုတ်ဘူး။
အချစ်ရဲ့အရင်းခံက အချင်းချင်းယုံကြည်တာပဲဖြစ်တယ်။
သဝန်တိုခြင်းမှာ သံသယနဲ့ မယုံကြည်တာတွေပါတယ်။

အချစ်မှာ ဘယ်တော့မှမျှတမှုမရှိဘူး။ အချစ်မှာ မျှတမှုတွေရှိလာခဲ့ရင် အဲဒါအချစ်မဟုတ်တော့ဘူး။ ချစ်သူအတွက် အရာရာကို ကိုယ်ပေးဆပ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်အတွက်ပေးဆပ်ဖို့ အချစ်ကို မတောင်းဆိုသင့်ဘူး။ ချစ်သူကို ကိုယ်မစွန့်ခွါလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်သူစွန့်သွားတဲ့အခါ အချစ်ကို ရက်စက်တယ်လို့ အပြစ်မဆိုသင့်ဘူး။

အချစ်ကို အဓ္ဓမလုပ်ယူလို့မရသလို ပိုင်စိုးပိုင်နင်းလည်း လုပ်လို့မရဘူး။ အချစ်က နူးညံ့သိမ်မွေ့လွန်းတယ်။ အချစ်ကို လိုချင်ရင် သူ့ကိုလွတ်လပ်မှုအရင်ပေးပါ။ ကိုယ့်ဆီသူပြန်လာရင် ဒါကိုယ့်ရဲ့အချစ်ဖြစ်တယ်။ တကယ်လို့ ပြန်မလာခဲ့ရင် သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

ကိုယ်အလျှင်စလို ဖြတ်သန်းခဲ့တဲ့ရှုခင်းက အလှဆုံးဖြစ်တယ်။
ကိုယ့်ကိုနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တဲ့အချစ်က အချစ်ဆုံးဖြစ်တယ်။

နှလုံးသားရဲ့ အနာတရအတွက် ကိုယ်တို့မှာ ခံနိုင်ရည်ရှိတယ်။
ကြေမွဆုတ်ပြတ်သွားတဲ့အချစ်ကို ကိုယ်တို့လက်ခံနိုင်တယ်။
ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့အတိတ်ကိုမေ့ဖို့ အတိတ်မေ့ဆေးကို ကိုယ်တို့မသောက်ချင်ခဲ့ကြဘူး။

အပြစ်ရှာ၊ ငြင်းခုန်တာတွေက အချစ်ကို တာရှည်ခံစေတဲ့အရာမဟုတ်ဘူး။
တစ်ခါတလေမှာ ဆိတ်ဆိတ်နေ၊ သည်းခံတာတွေက အချစ်ရဲ့ရုပ်ပုံမဟုတ်ဘူးဆိုပေမယ့် ဒါတွေက အချစ်ကို ထာဝစဉ်တည်မြဲစေတဲ့အရာဖြစ်တယ်။

အချစ်က အချစ်နဲ့အချစ်ရဲ့ ဆက်ဆံရေးဖြစ်တယ်။ ခံစားချက်ရဲ့ ပဲ့တင်ဖြစ်တယ်။
အချစ်က ရုပ်အဆင်းအင်္ဂါတွေ မတောင်းဆိုဘူး။ နှလုံးသားချင်းထပ်တဲ့ ကြင်နာဖော်ဖြစ်ဖို့ပဲ တောင်းဆိုတယ်။

အချစ်က မကျေနပ်တာတွေကို သည်းခံနိုင်တယ်။ အမုန်းကို လက်ခံနိုင်တယ်။
အချစ်မှာ အကြောင်းတရားမလိုဘူး။ အချစ်မှာ စည်းမျဉ်းမရှိဘူး။
အချစ်က အမှားအမှန် မခွဲခြားဘူး။
အချစ်က အရောင်လုံးဝမပယ်ဘူး။
အချစ်ကို အချစ်နဲ့ ချစ်တတ်ဖို့ပဲလိုခဲ့တယ်။

အင်တာနက်ပေါ်က ဖတ်ရတဲ့ "အချစ်"တွေကို ဘာသာပြန်ခံစားကြည့်ပါတယ်။


ဘူတာရုံနဲ့တူတဲ့ ကောင်မလေး မင်းခိုက်စိုးစန်


ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။

ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်

မိုးသည်း



မိုးသည်း...

မိုးကသည်းလွန်းတယ်....
စိုရွှဲနေတဲ့....
မင်းနှလုံးသားတွေ.....
မပြင်ဆင်ထားတဲ့.....
ငါ့အိပ်မက်ထဲ....၀င်လာခဲ့တယ်.....
အုံ့မှိုင်းနေတဲ့ကောင်းကင်.....
လျှပ်ပန်းလျှပ်နွယ်တွေနဲ့.....
ဘ၀တစ်ခုလုံး ' လင်း ' သွားတယ်.....
အဲဒီမိုးထဲမှာပဲ....
ငါ့ဝိဥာဉ်တစ်ခု....
စီးမျောလိုက်ပါသွားခဲ့တယ်....
စံပယ်ဖြူတွေတောင်....
မင်းကိုစောင့်မျှော်လို့......
ဒီမိုးထဲမှာလေ.....
ဘာရယ်မဟုတ်ပါဘူး...ကောင်မလေးရယ်....
ငါကိုက.....သည်းလွန်းခဲ့တာ.....

သူမ



သူမ...

လေအဝှေ့မှာ...
ကျနော့ရင်ခုန်သံတွေ...
ပျော်မြူးယိမ်းထိုးနေလို့.....
နတ်ဆရာအသက်သွင်းသလို....
ဒီရာစုနှစ်တွေအောက်....
ကျနော့...စနစ်တွေပျောက်ဆုံးကုန်တယ်....
တုန်ခါလွန်းတဲ့...
ဘယ်ဘက်ရင်အုံအခြမ်းက...
တခါတခါ....အရာခပ်သိမ်း....
ကင်းမဲ့တိတ်ဆိတ်လို့.....
အာဒံ...ဧ၀ ပြောသလိုဆို...
သူမဟာ....
ကျနော့ နံရိုးတစ်ချောင်းပေါ့....
မင်းအတွက် မလုံလောက်ဖူးဆိုရင်....
ဒီနံရိုးအောက်က...
နှလုံးသားအဖြူတစ်ခုကိုပါ....
ယူဆောင်ခွင့်ရှိတယ်...
ရင်ခုန်ခြင်းအတတ်ပညာနဲ့...
မင်းကျောင်းတော်ဝင်ခွင့်...
ငါ....အခါခါကျရှုံးနေတုန်းပဲ...
ခေါင်းလောင်းထိုးသံကြားတိုင်း...
ဒီကျောင်းသား....ကြောက်လန့်နေတုန်း...
င်ခွင့်ပေးပါကွယ်....
မင်းနှလုံးသား.... လေးခန်းထဲက
ချောင်တနေရာရာပဲဖြစ်ဖြစ်...
ငါ....ခိုလှုံခွင့်ရချင်တယ်...
အလွမ်းဖွဲ့တေးတွေလည်း....
အသံတွေတောင်..ခြောက်ကပ်လို့...
ငါ့...ဗီးနပ်ရယ်....
ဒီဥယျာဉ်ကြီးထဲ...
ငါက...ပန်းပျိုးယုံပါ...
မင်း...ခူးချင်ခူး...
ခြေချင်ခြေ....
မင်းစေရာပေါ့....
စေတနာရှိခဲ့ရင်....
ဒီငမိုက်သားကို...
ရေလောင်းပေါင်းသင်ပေးပါ....
ဖြူစင်ခြင်းရဲ့..အနက်ရှိုင်းဆုံးမှာ....
သူမ...တွေ့ဖူးခြင်းမရှိသေးတဲ့...
တလှပ်လှပ်နှလုံးခုန်သံတွေရှိတယ်....
ဒီအချစ်တွေအတွက်.....
ပစ်ဒဏ်ချမယ်ဆိုရင်တောင်....
အယူခံလေးတော့ပေးဝင်ပါ....
"ကျနော့ကို...သူမနှလုံးသား..
တိုက်တစ်ခန်းမှာ...
တစ်သက်တစ်ကျွန်းချပေးပါ..."
ကွမ်းတရာ..ရေတမှုတ်...
ဒီအာဟာရတွေလည်း...မလိုအပ်ပါဘူး...
တစ်သံသရာလုံး...
လုံလောက်ငြိမ်းချမ်းစေမယ့်....
သူမ...အကြည့်တချက်လေးပဲ....
ပေးသနားတော်မူပါ...

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်

ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်



ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။


ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။ အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။


ဒီလမ်းကြောင်းလေးကနေသွားကြရမှာနော်... ။


သင့်ရှေ့တည့်တည့်ကလူကိုပဲ တစိုက်မတ်မတ်ကြည့်ပါ ။ ဘေးဖက်ကိုယောင်လို့တောင်မကြည့်မိစေနဲ့ ။ မူးဝေပြီး ပြုတ်ကျသွားနိုင်ပါတယ် ။ စွန့်စားလိုသူတို့ အကြိုက်ပေါ့နော် ။

အကယ်၍ သင့်အရှေ့ကလူက ကိုယ့်ဆီကိုပြောင်းပြန်ပြန်လာနေရင် သတိထားပါ ။လမ်းကကျဉ်းလွန်းတဲ့အတွက် အခက်အခဲတွေ့နိုင်ပါတယ် ။


ဆက်ပြီးကြိုးစားထားကြ သူငယ်ချင်းတို့ နောက် အဆင့်အနည်းငယ်ဆို စားသောက်ဆိုင်ကို ရောက်ပါတော့မယ် ။


ဒီနေရာကတော့ အသဲငယ်သူတို့ လှည့်ပြန်ရမယ့်နေရာပါပဲ ။ အပေါက်လေးတွေထဲကို ခြေချောင်း တွေထည့်ပြီးသွားရမှာ ဖြစ်ပါတယ် ။ အောက်ဖက် ကကျောက်ကမ်းပါးကတော့ အလွန်ကို နက်ရှိုင်းပါတယ် ။


ကဲ...အပေါ်ကိုရောက်တော့မယ်ဟေ့ ကြိုးစားထား...!!!!!


နောက်ဆုံးမှာတော့ တွေ့ရတဲ့မြင်ကွင်းအတိုင်းပါပဲ ။ ထိတ်လန့်တုန်လှုပ်ဖွယ် လမ်းကိုဖြတ်သန်းပြီးမှ ဒီစား သောက်ဆိုင်လေးကိုရောက်မှာ ဖြစ်ပါတယ် ။ အကယ်၍သင်ရောက်အောင်သွား နိုင်ခဲ့လျှင် အစားအ သောက် အား လုံးက Free (ဖရီး) ဖြစ်ပါတယ် ။

ကဲသူငယ်ချင်းတို့ ဘယ်သူတွေလိုက်ကြမလဲ ဒီကအစားအသောက်တွေဘယ်လိုအရသာရှိလည်းဆိုတာ သွားပြီး မြည်းကြည့်ရအောင် ...သွားကြမယ်ဟေ့ !!!!!

ထူးဆန်းထွေလာ

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု



မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။



ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။



အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံသြဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။ ထေရ၀ါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့ အငွေ့အသက်တွေ ကိန်းအောင်း လို့နေပါတယ် ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ

နှုတ်ဆက်အလွမ်း


စိတ်ရှိတိုင်းသာ ကြွေလိုက်ရရင် ...
ဒီအပင် ........................
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး ။
စိတ်ရှိတိုင်းသာ ဝေလိုက်ရရင်...
ပိတောက်ပန်းတွေ .....................
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး။

ခုတော့ ..........................
အလွမ်းစိတ်နဲ့ တစ်ပင်လုံးဝေ
ပင်လုံးညွတ်နေပေမယ့် .........
လွမ်းတယ်” ဆိုတဲ့စကားတစ်ခွန်းတောင်
သုံးခွင့်မရှိတော့သူပါ “.... ” ရေ....။

တစ်ကယ်တမ်း ........
တမ်းတခြင်းဆိုတာက ......
အနေဝေးမှပွင့်တဲ့ပန်း ....။
အချစ်...ဆိုတာက.........
ကမ်းမမြင်မှ လှတဲ့ပင်လယ်...။
အလွမ်းဆိုတာကတော့ ...
ကိုယ်တို့အတွက် ......
ဘယ်ဆီဘယ်ဝယ်
ဆိုတာမျိုးပါပဲကွယ်.......။

“ထင်သလောက်....
မရင့်ကျက်သေးပေမယ့် ...
ဝေးသလောက် ...........
အလွမ်းရင့်တဲ့ ရာသီမှာ...
မင်းနဲ့ငါ လည်း
နံရံထူထူသာ ခြားစေတော့ .....။

ုအံ့သြဖွယ်ရာ မြစ်တစ်ခုအောက်မှ နောက်ထပ်မြစ်တစ်ခု










ဒီပုံလေးတွေ အကုန်လုံးက မြစ်ထဲမှ ရေအောက်အတွင်းမှာ ရိုက်ထားတဲ့ပုံလေးတွေပါ ။ ဘယ်လောက် တောင်ထူးဆန်းလိုက်ပါသလဲ ။ မြစ်အမွှာဟုတောင် ဆိုရမလား မသိ ။ မြစ်အောက်ဖက် ကြမ်းပြင်တွင် နောက်ထပ် မြစ်တစ်ခုက ထပ်၍ ရှိနေခြင်းပင် ။ တကယ့်ကို ကုန်းမြေမှာ မြင်ရတဲ့အတိုင်း အပင်တွေဘာတွေ နဲ့ မြစ်ကမ်းစပ်တောင်ပါရှိသေးသည် ။ ကမ္ဘာကြီးပေါ်မှာ ထူးဆန်းအံ့သြဖွယ်ရာတွေက ကုန်နိုင်မည်မဟုတ်ပေ ။