Saturday, May 1, 2010

ရာဇဝင်ထဲကမောင့်သတို့ သမီး


ကဗျာပြုသူ
စာနုသူမို့ 
“စိတ်ကူးတိမ်တိုက်သူ”လို့
တွေးလိုက်လေသလားမောင် . . .

ကဗျာဖူးသူ စာရူးသူ
မေ့နှလုံးသားဖော့ဖယောင်းလို
ပျော့ပြောင်းပေမဲ့
ချစ်သူအတွက်ဆိုရင်
ကလောင်ကို
ကိုင်တဲ့လက်ဖမိုးနု
ရဲရင့်ခြင်းကို
သွေးသောက်အဖော်ပြုလို့ 
ပြတ်သားခြင်း
အဘိဓာန်ကိုချနင်း

အန္တရယ်စက်ကွင်းမှာ
စီးချင်ထိုးရင်း
မာန်ဟုန်ပြင်းပြင်း
ရင်ဆိုင်ခြင်းကျောက်စာမှာ

“ရာဇဝင်ထဲကမောင့်သတို့ သမီး” ဖြစ်သူမို့ 
ချစ်သူသည်သာ
ကိုယ့်အနားရှိဖို့ လိုသည် . . .

0 comments:

Post a Comment