Wednesday, May 5, 2010

အရိုင်းရင်ခွင်

ကြမ်းတမ်းခက်ထန်တဲ့ မြေလွှာ...
ဒီနေရာမှာ
နင်ထင်မထားမယ့်..
အားလုံးထက် စစ်မှန်တဲ့
မြေဆီမြေနှစ်တွေ တစ်ပုံတစ်ပင်ပါ..
ချစ်သူ...
ရင်တွင်းအချစ်မျိုးစေ့ကို
နင့်ကြောင့်
ငါ့ရင်ခွင်မှာ စိုက်ပျိုးမိလို့
နှလုံးသားတွင်းက
ချစ်ခြင်းရဲ့လိုအင်တွေက
အားထက်သန်လွန်းတော့..
အခုလေ..
သံယောဇဉ် နွယ်ပင်အခက်တွေနဲ့
ငါ့တစ်ကိုယ်လုံး..
ရုန်းမထွက်အောင်
တုပ်နှောင်မိနေပြီလေ။ ။

0 comments:

Post a Comment